Main menu

ယခုနှစ်၏ ပထမ ၈လတာကာလတွင် စက်ဘီးတင်ပို့ရာမှ အမေရိကန်ဒေါ်လာ ၂၇၈သန်းရရှိခဲ့သည့် ကမ္ဘာဒီးယား

Powered by Drupal

           ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ပထမ ၈လတာကာလတွင် လျှပ်စစ်စက်ဘီးများအပါအဝင် စက်ဘီးများတင်ပို့ရာမှ အမေရိကန်ဒေါ်လာ  ၂၇၈သန်းရရှိခဲ့ပြီး လွန်ခဲ့သည့် ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၃၀ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း အကောက်ခွန်အထွေထွေဦးစီးဌာန၏ တင်ပြချက်အရသိရပါသည်။ ကမ္ဘာဒီးယားနိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာန၏ အတွင်းရေးမှူးဖြစ်သူ Penn Soucheat က ကမ္ဘာ့စီးပွားရေးကျဆင်းမှုသည် စက်ဘီးကဲ့သို့သော အခြေခံလိုအပ်ချက်မဟုတ်သည့် ပစ္စည်းများအပေါ်တွင် ငွေကြေးသုံးစွဲမှုကို သက်ရောက်စေခဲ့သည့်အတွက် နိုင်ငံတော်၏စက်ဘီးတင်ပို့မှုလျော့ကျခြင်းကို ဦးတည်စေခဲ့ကြောင်းသိရပါသည်။ သို့သော် စက်ဘီးတင်ပို့မှုတန်ဖိုးကျဆင်းခဲ့သော်လည်း ကမ္ဘောဒီးယားသည် စက်ဘီးတင်ပို့ရာတွင် ဒေသတွင်းဦး‌ဆောင်နေသည့်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေကြောင်းသိရပါသည်။ ကမ္ဘာဒီးယားနိုင်ငံသည် ကမ္ဘာပေါ်တွင် စက်ဘီးတင်ပို့သူထိပ်ဆုံးငါးနိုင်ငံထဲမှ တစ်နိုင်ငံဖြစ်ပြီး စက်ဘီးသည် အဝတ်အထည်၊ ဖိနပ်၊ ခရီးသွား အသုံးအဆောင်၊  စိုက်ပျိုးရေးထုတ်ကုန်နှင့် အီလက်ထရောနစ်ပစ္စည်းများနောက်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ တင်ပို့ရန်အတွက် အဓိကထုတ်ကုန်ပစ္စည်းတစ်ခုဖြစ်ကြောင်းသိရပါသည်။ စက်ဘီးများကို Suay Rieng ပြည်နယ်ရှိ Bavet မြို့ရှိ အထူးစီးပွားရေးဇုန်များတွင်သာ တပ်ဆင်ထုတ်လုပ်ကြောင်းသိရပါသည်။ လက်တလောတွင် ကုမ္ပဏီငါးခုက တင်ပို့ရန်အတွက် စက်ဘီးများတပ်ဆင်ထုတ်လုပ်ကြကြောင်းသိရပါသည်။ စီးပွားကူးသန်းဝန်ကြီး Cham Nimul က ကမ္ဘောဒီးယားတွင် စက်ဘီးများထုတ်လုပ်တင်ပို့သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် စက်တင်ဘာလတွင် အစည်းအဝေးလုပ်ခဲ့ပြီး ထိုအစည်းအဝေးသည် ပြည်လည်ဆန်းစစ်ရန် ယှဉ်ပြိုင်နိုင်စွမ်းတိုးမြှင့်ရန်အတွက် စိန်ခေါ်မှုများကိုဖြေရှင်းရန်၊ တင်ပို့မှုလုပ်ငန်းစဉ်များကိုညှိနှိုင်းရန်နှင့် ကမ္ဘောဒီးယားမှ စက်ဘီးတင်ပို့မှုကြီးထွားရန် ကျင်းပခြင်းဖြစ်ကြောင်းသိရပါသည်။ ကမ္ဘောဒီးယားစက်ဘီးများအတွက် အဓိကဈေးကွက်ဖြစ်သည့် ဥရောပသမဂ္ ဂ(EU) သည် စီးပွားရေးဖိအားသက်ရောက်မှုကြောင့် တင်သွင်းရန် ဝယ်လိုအားလျော့ကျမှုကိုဦးတည်နေကြောင်းသိရပါသည်။ ၂၀၂၃ခုနှစ်တွင် လျှပ်စစ်နှင့် လျှပ်စစ်မဟုတ်သည့် စက်ဘီးယူရို ၁.၉၈ ဘီလီယံတန်ဖိုးတင်သွင်းခဲ့ပြီး ၂၀၂၂ခုနှစ်ထက် ၂၁ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းသိရပါသည်။ ကမ္ဘောဒီးယားသည် EU သို့ ထိုင်ဝမ်ပြီးနောက် ဒုတိယအကြီးမားဆုံးစက်ဘီးတင်ပို့သူဖြစ်ကြောင်းသိရပါသည်။

Source: Khmer Time

DOCA(ရန်ကုန်)