Main menu

လှည်းကူးမြို့နယ်တွင် အွန်လိုင်းစနစ်ဈေးဝယ်ခြင်းနှင့်စပ်လျဉ်းပြီး အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

           ၇-၁၀-၂၀၂၄ ရက်နေ့၊ နံနက် (၀၈:၅၀) နာရီအချိန်တွင် အောင်မင်္ဂလာရပ်ကွက်ရုံးခန်းမ၊ လှည်းကူးမြို့နယ်တွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကျင်းပခဲ့ပါသည်။

          ထိုသို့ဟောပြောခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊  လှည်းကူးမြို့နယ်ခွဲရုံးတာဝန်ခံ ဒေါ်မြင့်မြင့်စန်း၊ ဒု-ဦးစီးမှူးက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်လက်မှတ်ရရှိသူ၊ ဝန်ကြီးဌာန၊ ဦးစီးဌာန၊ ဒီဂျစ်တယ်ငွေပေးချေမှုတို့၏ အဓိပ္ပါယ်များကိုလည်းကောင်း၊ မှတ်ပုံတင်လျှောက်ထားခြင်းတွင် ပါဝင်သောအချက်များကိုလည်းကောင်း၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့်အချက်များကိုလည်းကောင်း၊ အကျယ်တဝင့်ရှင်းလင်းတင်ပြပြီး အွန်လိုင်းမှဝယ်ယူရာတွင်လည်း မှတ်ပုံတင်လက်မှတ်ရှိသော အရောင်းကိုယ်စားလှယ်များမှဝယ်ယူကြရန် အသိပညာပေးဆွေးနွေးကြားခဲ့ပြီး ဆွေးနွေးပွဲသို့ စားသုံးသူပြည်သူ(၆)ဦးတက်ရောက်ခဲ့ရာ ဆွေးနွေးပွဲကို နံနက်(၁၀:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)