Main menu

အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

         ၇-၁၀-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အင်းစိန်မြို့နယ်ရှိ အစားအသောက်နှင့်လူသုံးကုန်ပစ္စည်းများရောင်းချနေသော City Mart ဆိုင်၌ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေအရ ပြဋ္ဌာန်းချက်နှင့်ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်(၁၃)၊ ၁-ခ (၃၉၉-က)၊ အောက်မင်္ဂလာဒုံလမ်းမကြီး (ဖော့ကန်)၊ အင်းစိန်မြို့နယ်ရှိ City Mart တွင် အသင့်ဖျော်ကော်ဖီအမျိုးမျိုးဖြစ်သော Pop-Pop၊ Premier, Best, မေမြို့ဖရတ်(ရ်)ဒေသထွက် သဘာဝနှပ်ကော်ဖီ, Sunday, RICH နှင့် အသင့်ဖျော်လက်ဖက်ရည်ဖြစ်သော BEST ထိုင်းတီး၊ Grand Palace မြန်မာ့လက်ဖက်ရည်၊ Royal အသင့်ဖျော်လက်ဖက်ရည်နှင့် Happy အသင့်ဖျော်လက်ဖက်ရည်အမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)တွင် ပြဋ္ဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ရန်ကုန်)