(၈-၁၀-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ မြို့မဈေးအတွင်း စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီမြို့နယ်ခွဲရုံးမှဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များ၌ စားသုံးဆီအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များ၌ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း (၁၈) တွင်ပြဋ္ဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များနှင့်ကိုက်ညီမှုရှိ/မရှိနှင့် ရောနှောဆီများရောင်းချခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ရာ ဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိပြီး ရောနှောဆီများကိုရောင်းချမှုမရှိကြောင်း၊ သက်ဆိုင်ရာဌာနတို့၏ ခွင့်ပြုထောက်ခံချက်အမှတ်များပါဝင်ကြောင်းစစ်ဆေးတွေ့ရှိရပါသည်။
DOCA(ရန်ကုန်)