Main menu

အသင့်စားခေါက်ဆွဲများတွင် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

          (၇-၁၀-၂၀၂၄)ရက်နေ့ မှော်ဘီမြို့နယ်၊ မြို့မဈေးအတွင်း စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီ မြို့နယ်ခွဲရုံးမှဝန်ထမ်းများသည် အသင့်စားခေါက်ဆွဲထုပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

       ထိုသို့စစ်ဆေးရာ၌ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုးတွင် ကုန်စည်တွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဖြစ်သော ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် သုံးစွဲပုံနည်းလမ်းတို့ကို ပြည့်စုံစွာဖော်ပြထားသည်ကိုတွေ့ရှိရကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအရသိရပါသည်။

DOCA(ရန်ကုန်)