Main menu

အောက်တိုဘာလ ပထမပတ်တွင် အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          ၈-၁၀-၂၀၂၄ ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အင်းစိန်မြို့နယ်၊ အင်းစိန်ဈေးအတွင်းရှိ ဆန်ဆိုင်၊ ဆီဆိုင်၊ ကုန်မျိုးစုံဆိုင်နှင့် အသားငါးဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ အင်းစိန်ဈေးအတွင်းရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပြီး စားအုန်းဆီဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိရာ အခြေခံစားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များအား ဈေးနှုန်ူးမြှင့်တင်ရောင်းချခြင်းမပြုလုပ်ကြရန်၊ သင့်တင့်မျှတသောဈေးနှုန်းဖြင့်သာရောင်းဝယ်မှုပြုကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀) ပါ “စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များကိုသိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)