ယူကေသည် လာမည့်ငါးနှစ်အတွင်း ကြက်မွေးမြူရေးလုပ်ငန်းအတွက် ပေါင်သန်း ၁၆၀အထိပံ့ပိုးနိုင်မည်ဟု ခန့်မှန်းထားပြီးနောက် ယူကေမှ ကြက်ငှက်များသည် တောင်အာဖရိကဈေးကွက်သို့ တဖန်ပြန်လည်ရောက်နိုင်ချေရှိမည်ဖြစ်သည်။ ယူကေတွင် ကြက်ငှက်တုပ်ကွေးရောဂါများဖြစ်ပွားပြီးနောက် ယူကေမှ သွင်းကုန်များကိုကန့်သတ်ခဲ့သည်။ ယခုအခါ ယူကေမှကုန်သည်များသည် ရှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်အာဖရိကသို့ ကြက်များကိုတင်ပို့ခွင့်ပြုမည်ဖြစ်သည်။ ဗြိတိန်သည် ယခုနှစ်အစောပိုင်းတွင် ကြက်ငှက်တုပ်ကွေးရောဂါကင်းစင်ကြောင်းကြေညာခဲ့သည်။ ကုန်သွယ်ရေးအတားအဆီးကိုလျှော့ချခြင်းသည် စိုက်ပျိုးရေးကုန်သွယ်မှုအတွက် ယူကေ၏ ဦးစားပေး လုပ်ငန်းဖြစ်ပြီး ၎င်းဆုံးဖြတ်ချက်သည် တောင်အာဖရိကရှိ စားသုံးသူများအား အရည်အသွေးမြင့်မားရန် လုံခြုံစွာပံ့ပိုးပေးထားသည့် ကြက်သားများကိုရရှိနိုင်စေရန် သိသာသောခြေလှမ်းတစ်ခုဖြစ်သည်။ စားနှပ်ရိက္ခာဖူလုံရေးဝန်ကြီး Zeichner သည် တောင်အာဖရိကဝန်ကြီးများ၊ လက်ထောက်ဝန်ကြီး Rosemary Capa (စိုက်ပျိုးရေး)နှင့် ဒုတိယဝန်ကြီး Andrew Whitfield (ကုန်သွယ်ရေး) တို့နှင့် ပြီးခဲ့သည့်သတင်းပတ်တွင်တွေ့ဆုံခဲ့ပြီး သဘောတူညီချက်ကို အပြီးသတ်ခဲ့သည်။ ကုန်လုပ်ဆောင်ချက်များသည် ယူကေ၏စီးပွားရေးကိုကြီးထွားလာစေရန်နှင့် နှစ်နိုင်ငံအကြား ထိုသွယ်မှုဆက်ဆံရေးကိုခိုင်မာစေမည့် နောက်ထပ်အခွင့်အလမ်းများကိုလည်းပေးဆောင်နိုင်မည်ဖြစ်သည်။
Source: gov.uk
DOCA(ရန်ကုန်)