တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဒဂုံမြို့သစ်ခရိုင်ရဲတပ်ဖွဲ့မှူး၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ အကောက်ခွန်ဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ဖြင့် ၈-၁၀-၂၀၂၄ ရက်နေ့တွင် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ စက်မှုဇုန်(၁)၊ (၅) လမ်းရှိ တရုတ်ကြီး (ဆီဂိုဒေါင်)သို့ သွားရောက်ပူးပေါင်းကွင်းဆင်းခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ စက်မှုဇုန်(၁)၊ (၅)လမ်းရှိ တရုတ်ကြီး (ဆီဂိုဒေါင်)၌ တရားမဝင်စားအုန်းဆီများရောင်းချခြင်း/ သိုလှောင်ထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)