စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေး အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၉-၁၀-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် အမှတ် (၆၄၀)၊ အနော်မာ(၁၅/နောက်)၊ သာကေတမြို့နယ်ရှိ ဇီဝရှင်ဆေးဆိုင်မှ ဆိုင်တာဝန်ခံ ဒေါ်ခိုင်လဲ့လဲ့ဝင်းနှင့်တွေ့ဆုံ၍ ဆေးဆိုင်အတွင်းရှိ ဆေးဝါးများအခြေအနေများကိုစစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့စစ်ဆေးမေးမြန်းရ၌ ဆေးဆိုင်တွင် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ စပ်ဆေးများမရောင်းချရန်တို့ကို အသိပညာပေးစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)