Main menu

မြိတ်မြို့သို့ ဆန်ရောက်ရှိလာသဖြင့် အဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေး

Powered by Drupal

          မြိတ်ခရိုင်ဆန်ကုန်သည်များအသင်းသည် မြိတ်ခရိုင်အတွက်လိုအပ်သောဆန်များကို (၃၀.၉. ၂၀၂၄)ရက်နေ့တွင် လက်ပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်မှဝယ်ယူ၍ MV အာသာဝတီ ရေယာဉ်ဖြင့် ဆန်အိတ်များသယ်ဆောင်လာခဲ့ပြီး မြိတ်မြို့သို့ (၇.၁၀.၂၀၂၄)ရက်နေ့တွင် ရောက်ရှိလာခဲ့ပါသည်။

  ထိုသို့ရောက်ရှိလာသောဆန်အိတ်များကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးဦးစီးဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သောအဖွဲ့များဖြင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကွင်ဆင်းစစ်ဆေးချက်အရ ဆန်အိတ်ရေ (၆၀၀၀)၊ ဆန်တန် (၃၀၀)တို့ တင်ဆောင်လာခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)