ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၉-၁၀-၂၀၂၄)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဘိုကလေးဈေးရှိ ကုန်မျိုးစုံဆိုင်များ၌ရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဗိုလ်တထောင်မြို့နယ်တာဝန်ခံက ဘိုကလေးဈေးရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော အသင့်စားခေါက်ဆွဲခြောက်အမျိုး၊ အချိုမှုန့်အမျိုးမျိုး၊ အချဉ်ရည်အမျိုးမျိုး၊ ကော်ဖီမစ်အမျိုးမျိုး၊ စားသုံးဆီအမျိုးမျိုး၊ အချိုရည်အမျိုးမျိုးအား ကုန်အညွှန်းပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိစစ်ဆေးခြင်း၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော ပါဝင်ပစ္စည်းများရှိ/မရှိကိုစစ်ဆေးခဲ့ပြီး အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)