Main menu

ပြည်ဈေးကွက်တွင် နံနံပင်ရှားပါး၍ ဈေးနှုန်းမြင့်တက်

Powered by Drupal

          ပြည်ဈေးကွက်အတွင်း နံနံပင်ဈေးနှုန်းများမှာ အဆမတန်မြင့်တက်လျက်ရှိပြီး စိုက်ပျိုးသော နံနံပင်အခင်းများ ရေဝပ်၍ အထွက်နှုန်းနည်းကာ ရှားပါး၍ ဈေးမြင့်တက်ရခြင်းဖြစ်ကြောင်းသိရပါသည်။ ပြည်အနီးတဝိုက်ရှိကျေးရွာများနှင့် ဝက်ထီးကန်၊ ရွှေတောင်၊ ပေါင်းတလည်၊ ဆင်တဲ စသည့်နယ်များတွင် စိုက်ပျိုးမှုရှိသော်လည်း မိုးများ၍ရေဝပ်သဖြင့် အထွက်နှုန်းနည်းကာ ဈေးကွက်သို့ ရွှေတောင်မြို့နယ်၊ ဘို့လယ်ကုန်းရွာဘက်မှသာ အဝင်ရှိကြောင်းသိရသည်။ တစ်ပတ်လျှင် (၂)ကြိမ်အဝင်ရှိကာ တစ်ကြိမ်လျှင် ပိဿာချိန်(၁၀)ခန့်သာဝင်ရောက်မှုရှိပြီး နံနံပင်(၁၀) ကျပ်သားလျှင် ကျပ်(၂၀၀၀)နှုန်းခန့်ရှိကြောင်းသိရပါသည်။ ဈေးကွက်အတွင်းရှိ လက်လီဈေးနှုန်းများတွင် (၅)ပင်စည်းတစ်စည်းလျှင် ကျပ်(၃၀၀)နှုန်းခန့်ဖြင့်ရောင်းချမှုရှိပြီး ယခင်ဆောင်းရာသီ ဇန်နဝါရီလအတွင်းတွင် နံနံပင်တစ်ပိဿာလျှင် (၁၃၀၀-၁၅၀၀)ကျပ်နှုန်းရှိခဲ့ကြောင်းသိရသဖြင့် ဈေးပိုမိုမြင့်တက်လျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)