![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/126_14.jpg?itok=WSJCveM1)
ပြည်ဈေးကွက်အတွင်း၌ မြဝတီဘက်မှ ဝင်ရောက်မှုရှိလာသော သရက်သီးစိမ်းများ အရောင်းအဝယ်သွက်လျက်ရှိကြောင်းသိရသည်။ ပြည်ဒေသထွက် သရက်သီးများ ဈေးကွက်အတွင်း မရှိတော့သော်လည်း မြဝတီဘက်မှ ယိုးဒယားသရက်သီးများမှာ တစ်လလျှင် (၂)ကြိမ်အဝင်ရှိသည့်အတွက် ဈေးကွက်အတွင်း၌ ပြတ်လပ်မှုမရှိကြောင်းသိရပြီး တစ်ကြိမ်လျှင် အလုံး (၃၀၀)ခန့်အဝင်ရှိနေပါသည်။ သရက်သီးအလုံးအကြီး/ အသေးပေါ်မူတည်၍ ဈေးနှုန်းမှာတစ်လုံးလျှင် ကျပ်(၁၀၀၀ - ၁၂၀၀)ဖြင့် ရောင်းချမှုများရှိနေကြောင်းသိရပါသည်။
DOCA(ပဲခူး)