Main menu

ပြည်ဒေသထွက် သြဇာသီးဈေးကွက်

Powered by Drupal

          ပြည်မြို့ရှိ သစ်သီးဝလံဈေးကွက်တွင် ရာသီစာသီးနှံတစ်မျိုးဖြစ်သော သြဇာသီးများ အရောင်းအဝယ်ဖြစ်နေကြောင်းတွေ့ရပါသည်။ သြဂုတ်လမှစ၍ ပြည်တစ်ဖက်ကမ်း ပန်းတောင်းမြို့နယ်နှင့် ပြည်မြို့နယ်ရှိ မှော်ဇာ၊ တောင်လုံးညိုကျေးရွာများမှ အများဆုံးလာရောက်ရောင်းချမှုရှိကြပါသည်။  သြဇာသီးများစတင်ထွက်ပေါ်ချိန်တွင် ရာသီချိန်ဖြစ်သည့်အတွက် အလုံးအရွယ်အစားပေါ်လိုက်၍ (၅၀၀-၁၀၀၀)ကျပ် စသောဈေးနှုန်းအလိုက် ဝယ်ယူစားသုံးကြကြောင်းသိရပါသည်။ ယခုစက်တင်ဘာလ နောက်ဆုံးပတ်တွင် ဩဇာသီးများ  အထွက်လှိုင်လာချိန်ဖြစ်သည့်အတွက် သစ်သီးဝလံဈေးကွက်အတွင်း ဩဇာသီးတစ်လုံးလျှင် ၅၀၀ကျပ်၊ ၇၀၀ကျပ်၊ ၈၀၀ကျပ်ဖြင့် အကြီး/အသေးပေါ်မူတည်၍ ဝယ်ယူကြကြောင်းသိရပါသည်။ ရာသီစာ ပြည်ဒေသထွက်လက်ဆောင်ခြင်းများဖြင့်ထည့်၍လည်း ရောင်းချမှုများရှိကြသောကြောင့် အလုံး(၃၅)လုံးတစ်ခြင်းလျှင် (၂၀၀၀၀)ကျပ်နှုန်း၊ အလုံးအရေအတွက်နှင့် အရွယ်အစားပေါ်မူတည်၍ ဈေးအမျိူးမျိူးကွာခြားမှုရှိကြကြောင်းသိရပါသည်။ ထို့ကြောင့် ယခုကာလအတွင်း ပြည်ဒေသထွက်သီးနှံတစ်မျိုးဖြစ်သည့် ဩဇာသီးသီးနှံသည် ဈေးကွက်အတွင်း ရောင်းသူ၊ ဝယ်သူများ၊ စားသုံးသူများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်းသိရပါသည်။

DOCA(ပဲခူး)