ယခုစက်တင်ဘာလ နောက်ဆုံးအပတ်၌ ပြည်ဈေးကွက်အတွင်း ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်မှုရှိလာသော ရှမ်းပန်းဂေါ်ဖီပွင့်များသာရှိပြီး တစ်လလျှင် (၂)ကြိမ်ခန့်သာအဝင်ရှိနေပါသည်။ (၁)ကြိမ်ဝင်လျှင် အပွင့်(၂၅)ပွင့်ပါ၍ (၃၀)ခန့်အဝင်ရှိကြောင်းသိရပြီး အဝင်ရှိသလောက် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိနေသည်။ ဈေးနှုန်းမှာ တစ်ပွင့်လျှင် ပြည်ဈေးကွက်အရောက် ဖောက်သည်ဈေးမှာ ကျပ်(၂၆၀၀-၂၇၀၀)နှုန်းဖြင့်ယူရပြီး လက်လီ ပြန်လည်ရောင်းချရာတွင် တစ်ပွင့်လျှင် ကျပ်(၃၀၀၀-၃၂၀၀)နှုန်းတို့ရှိ၍ အပွင့်အကြီးအသေးအလိုက် ဈေးကွာခြားမှုရှိကြောင်းသိရသည်။ ပြည်ဒေသထွက် ဗမာပန်းဂေါ်ဖီများမှာ ဆောင်းရာသီ နိုဝင်ဘာလဆန်းတွင် စတင်ထွက်ပေါ်မည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။
DOCA(ပဲခူး)