Main menu

အထက်မင်းလှမြို့နယ်၌ ကီလိုမာလကာသီးများထွက်ပေါ်လျက်ရှိ

Powered by Drupal

         မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာဖြစ်သော မယ်ဇလီတော၊ ပန်းတော်ပြင်၊ ဥယျာဉ်၊ ရွာတော်စသည့် ကျေးရွာများတွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ပန်းတော်ပြင်ကျေးရွာ၌ ကီလိုမာလကာသီးကို ဥယျာဉ်ခြံမြေများတွင်လည်းကောင်း၊ အိမ်ခြံဝန်းအတွင်း၌လည်းကောင်း စီးပွားဖြစ်တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

        ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(ဒုတိယပတ်)တွင် ကီလိုမာလကာသီးများလှိုင်လှိုင်ထွက်ရှိလျက်ရှိရာ တစ်လုံးလျှင်  အလုံးအကြီး၊ အသေးအလိုက် လက်ကားဈေး ကျပ်(၄၀၀-၅၀၀) ဈေးရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှမြို့ရှိ ဇေယျာသီရိဈေးနှင့် မင်းလှ-သရက်ကားလမ်းမဘေးရှိ သစ်သီးဆိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မကွေး)