ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိဝန်ထမ်းများသည် (၉-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် မိုးမြေပဲများထွက်ရှိနေပြီဖြစ်သော ကသစ်တိုင်းကျေးရွာအုပ်စု၊ ကသစ်တိုင်းကျေးရွာရှိ တောင်သူဦးဟန်ဝင်း၏ နုတ်သိမ်းနေပြီဖြစ်သော မိုးမြေပဲ(၅)ဧကစိုက်ခင်းသို့ သွားရောက်လေ့လာခဲ့ပါသည်။
မြေပဲသည် (၃)လသက်တမ်းရှိသောသီးနှံဖြစ်ပြီး ရွှေတောင်မြို့နယ်အတွင်း (၈၈၀၆)ဧကစိုက်ပျိုးထားရှိ၍ ကသစ်တိုင်းကျေးရွာအုပ်စုတွင် (၁၈၅) ဧကစိုက်ပျိုးထားရှိပါသည်။ အထွက်တင်းအနေဖြင့် ယခင်နှစ်တွင် (၁)ဧကလျှင် (၅၅)တင်းနှုန်းထွက်ရှိပြီး ယခုနှစ်တွင် (၁)ဧကလျှင် (၆၀)တင်းနှုန်းထွက်ရှိပါသည်။ ယခင်နှစ်တွင် မြေပဲဆန် (၁)ပိဿာလျှင် (၆၃၀၀)ကျပ်ဖြင့်ရောင်းချခဲ့ပြီး ယခုနှစ်တွင် (၇၅၀၀)ကျပ်နှုန်းဖြင့်ရောင်းချရပါသည်။ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်တွင် (၅)သိန်းကျပ်ကျော်ကုန်ကျခဲ့ပြီး ယခုနှစ်တွင် (၆)သိန်း/ (၇)သိန်းခန့်ကုန်ကျကြောင်းသိရှိရပါသည်။ သီးနှံရောင်းရငွေအဖြစ် ယခင်နှစ်တွင် တစ်ဧကလျှင် အကျိုးအမြတ်(၁၂)သိန်းကျော်ရရှိခဲ့ပြီး ယခုနှစ်တွင် (၁၅)သိန်းကျော် အကျိုးအမြတ်ရရှိခဲ့သည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။ အဆိုပါထွက်ရှိသော မြေပဲဆန်များအား မြို့ပေါ်ရှိဆီစက်များနှင့် ပြည်မြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)