Main menu

စားတော်ပဲသီးနှံ လက်လီ ပဲဈေးကွက်မှာ ဈေးကောင်းရနေ

Powered by Drupal

         ပြည်ပဲမျိုးစုံဈေးကွက်၌ နေ့စဉ်လက်လီသမားများဖြင့် အရောင်းအဝယ်သွက်သော ပဲသီးနှံမှာ စားတော်ပဲသီးနှံဖြစ်ပါသည်။ စားတော်ပဲသီးနှံသည် ပဲဈေးကွက်အတွင်း နှစ်စဉ်လိုလို ဈေးကောင်းဝင်သီးနှံအဖြစ်ရှိနေပြီး ယခုနှစ်တွင် ပြည်ပဝယ်လက်အဓိကဖြစ်သော မတ်ပဲ၊ ပဲစင်းငုံသီးနှံများ ဈေးမြင့်တက်လာသည့်အတွက် အဆိုပါပဲများနှင့်အပြိုင် ဈေးကောင်းရလျက်ရှိခဲ့ပါသည်။ ယခင်နှစ် ကာလတူအချိန်တွင် စားတော်ပဲသီးနှံဈေးမှာ တစ်တင်းလျှင် ၁၀၄၀၀၀ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလကုန်ပတ်တွင် ပိဿာ  ၂၀ဝင်တစ်တင်းလျှင်  ၁၃၄၀၀၀ကျပ်ရရှိလာခဲ့သည့်အတွက် ယခင်လထက် ဈေးပိုရလာသကဲ့သို့ ယခင်နှစ်ထက်လည်း ဈေးအနည်းငယ်ပိုရလာကြောင်း၊ ၎င်းမှာ မတ်ပဲသီးနှံနှင့်အတူ ဈေးအပြိုင်မြင့်တက်ခဲ့သော်လည်း ပဲစင်းငုံသီးနှံထက် ဈေးလျော့နည်းနေခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)