မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၄.၁၀.၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၀) အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စားသုံးသူရေးရာဌာနခွဲတာဝန်ခံက စားသုံးသူကာကွယ်ရေးအကြောင်းနှင့် ဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များအကြောင်းကိုလည်းကောင်း၊ ငွေစာရင်းဌာနခွဲမှ ဒုတိယဦးစီးမှူးက စားသုံးသူအခွင့်အရေး(၈)ချက် အကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲမှ ဒုတိယဦးစီးမှူးမှ ကုန်အညွှန်းအမှတ်အသားအကြောင်းကိုလည်းကောင်း နမူနာမုန့်မျိုးစုံဖြင့် အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)