Main menu

ပခုက္ကူမြို့၏ ငရုတ်သီးစိုနှင့်ငရုတ်သီးခြောက်ဈေးနှုန်းဈေးကွက်

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ငရုတ်သီးစိုက်ပျိုးရာဒေသများဖြစ်ကြသော ကျွန်းဦး၊ ကျွန်းညို၊ ရွာသစ်ကုန်း၊ ဆယ်ရွာ၊ ကံလှ၊ နန်းတော်ရပ်အုပ်စုဖြစ်သော ငကျော်၊ မြင်းဝင်း၊ ဘဲကြီးအုပ်စုဖြစ်သော နံကပ်ကျေးရွာ မြစ်ခြေမြို့နယ်များတွင် မြှားနီ၊ ပန်းရဲ ငရုတ်သီးများကို တကွင်းတစပ်စိုက်ပျိုးကြပါသည်။ ပခုက္ကူမြို့နယ်ဒေသထွက် ငရုတ်စိုများသာမက မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မိတ္ထီလာ၊ ပျော်ဘွယ်၊ ကျောက်ဆည်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာမြို့မှ ထွက်ရှိသော ရွှေအပ်သီး၊ စက္ကထာသီး၊ မိုးမျှော်သီးများ ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

       ပခုက္ကူမြို့နယ်ထွက် ငရုတ်သီးဈေးနှုန်းများမှာ ကျောက်စိမ်းသီး တစ်ပိဿာလျှင် ကျပ်(၄၀၀၀) မန္တလေးတိုင်းဒေသကြီးအတွင်းမှထွက်ရှိသော ငရုတ်သီးစိမ်းများမှာ တစ်ပိဿာလျှင် ကျပ်(၇၀၀၀) ဖြစ်ပြီး မုံရွာစက္ကထာသီးမှာ တစ်ပိဿာလျှင် ကျပ်(၈၀၀၀)ထိ ရောင်းချနေကြောင်း၊ နေ့စဉ် ကုန်ချိန် (၅၀)မှ(၁၀၀)ထိ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ငရုတ်သီးခြောက်ဈေးနှုန်းအနေဖြင့် ပခုက္ကူဒေသထွက် ကျွန်းငရုတ်သီးအဟောင်း တစ်ပိဿာလျှင် ကျပ်(၆၀၀၀)၊ ကျွန်းအစပ်သီး တစ်ပိဿာလျှင် ကျပ်(၇၀၀၀-၉၀၀၀)ထိ ပျော်ဘွယ်၊ ရမည်းသင်းမှထွက်ရှိသော ငရုတ်သီးခြောက်များမှာ တစ်ပိဿာလျှင်ကျပ်(၁၃၀၀၀)ဖြစ်ပြီး ငရုတ်သီးခွဲကြမ်းအနုမှုန့် တစ်ပိဿာ လျှင် ကျပ်(၁၈၀၀၀)၊ ငရုတ်သီးခွဲကြမ်း အကြမ်းမှုန့် တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)ဖြင့် ရောင်းချနေကြောင်း၊ ကုန်ချိန်အဝင်နည်းပြီး စိုက်ခင်းများရေနစ်မြုပ်မှုများကြောင့် ကုန်ပစ္စည်းများဈေးနှုန်းကြီးမြင့်ရခြင်းဖြစ်ကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)