မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၈.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ မုန့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
အစားအသောက်နှင့်မုန့်များတွင် ဆိုးဆေးသုံးစွဲသည့်မုန့်များ၊ ရက်လွန်မုန့်များ၊ မသန့်ရှင်းသောအစားအသောက်များ ရောင်းချမှုရှိ/ မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များ ရောင်းချမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး အသုပ်မျိုးစုံများရောင်းချရာတွင်လည်းခြင်/ ယင် မနားစေရန် လုံခြုံစွာဖုံးအုပ်ထားပြီး သန့်ရှင်းသောအသုပ်စုံများကိုသာရောင်းချရန် မုန့်ဆိုင်ပိုင်ရှင်များအား အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များလည်းဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)