Main menu

ရာသီပေါ် ဈေးကောင်းရ လူကြိုက်များတဲ့ ငါးနုသန်းဈေးကွက်

Powered by Drupal

         ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင်၊ ပြည်မြို့မစည်ပင်သာယာဈေးကြီးတွင် စက်တင်ဘာလ တတိယပတ်မှစတင်ကာ ရာသီပေါ် ငါးနုသန်းငါးခြောက်များ ဈေးကွက်တွင် ဝင်ရောက်လာပြီး လူကြိုက်များသောကြောင့် ဈေးကောင်းရပြီး အရောင်းအဝယ်ဖြစ်ကြောင်းသိရှိရပါသည်။ ငါးနုသန်းသည် ငါးထွေမျိုးတွင်ပါဝင်ပြီး နှုတ်ခမ်းမွေးပါ၍ ငွေရောင်တောက်ပသော ရေချိုငါးဖြစ်ပြီး မြစ်ချောင်း၊ အင်းအိုင်များတွင် ရရှိတတ်ကြသည်။ အကြေးခွံမပါ၊ ကျောဆူးတောင်တွင် အရိုးနု () ချောင်းသာပါသည်။ ရေချို/ရေငန် ၂ရပ်စလုံး၌တွေ့ရသော ငါးမျိုးဖြစ်၍ ငါးနုသန်းကို ငါးခြောက်လုပ်ကြသည်။ ငါးနုသန်းငါးမှာ နူးညံ့ပြီး အရသာချိုသော ငါးဖြစ်သဖြင့် ဒေသခံများမှာ နေလှန်း၊ အခြောက်ခံ၍ လေလုံအောင်သိမ်းပြီး မိုးတွင်းကာလ ငါးရှားသောရာသီတွင် ငါးခြောက်ကြော်၊ ငါးခြောက်ချက်အဖြစ် စားသုံးကြပါသည်။

         ငါးနုသန်းငါးမှာ ညှီနံ့မရှိသလောက်နည်းပြီး အဆိပ်အတောက်ကင်းကာ အရသာချိုသဖြင့် ငါးအစိုအပြင် ငါးခြောက်အဖြစ်သိမ်းထားပြီး စားသုံးသောအခါတွင်လည်း အရသာကောင်းမွန်လှသောကြောင့် လူကြိုက်များပြီး ဈေးကွက်ဝင်သော ငါးခြောက်တစ်မျိုးလည်းဖြစ်ပါသည်။ ငါးနုသန်းကို ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဆီရီလန်ကာ၊ မြန်မာတို့တွင် တွေ့ရမှုများပါသည်။ ငါးအထီးမှာ အမထက် ခန္ဓာကိုယ်ပိုမိုရှည်လျားကြပြီး (45)cmထိရှိကြသည်။ အမမှာ ဥတစ်ကြိမ်ဥလျှင် ဥပေါင်း(၈၀ ၁၃၀)ခန့်ဥနိုင်ကြပါသည်။

        ငါးနုသန်းမှာ လူကြိုက်များသော ငါးတစ်မျိုးဖြစ်ပြီး ဈေးလည်းချို၏။ ငါးနုသန်းကို ဆီပြန်ချက်ပြီး နံနံပင်အုပ်ပါက အရသာထူးကဲသည့် ငါးဟင်းလျာ()ခွက်ကိုရရှိစေပါသည်။ ချက်ပြုတ်ရာတွင် ငါးနုသန်းငါး၏ လည်ပင်းအနီး၌ အလွန်ကြီးသော သည်းခြေအိတ်ရှိသဖြင့် လှီးဖြတ်ဖယ်ထုတ်ပစ်ရပါမည်။ သည်းခြေအိတ်ပေါက်သွားပါက ငါးဟင်းအရသာမကောင်းသည်မှလွဲ၍ အဆိပ်အတောက်မရှိပေ။

      ငါးနုသန်းကို အိုးကပ်၊ ဆီပြန်၊ အချဉ်ချက်၊ ငါးနုသန်းကြော် စသည်ဖြင့် စားသုံးကြပါသည်။ 'ငါးနုသန်း' ဆိုသည့်အတိုင်း ငါးအသားမှာ နုလွန်းသောကြောင့် အိုးကပ်ဟင်းချက်ပါက ငါးအသားမကြေဘဲ အိုးမကပ်ရအောင် ဟင်းအိုးကိုမမွှေဘဲ အသာလေးလှုပ်ပေးရပါသည်။ ငါးနုသန်းငါးခြောက်မှာ ဧရာဝတီတိုင်းမှတစ်ဆင့် ရန်ကုန်သို့ဝင်ရောက်ပြီး ပြည်ဈေးကွက်သို့ မြိတ်ဒေသမှ အများဆုံးဝင်ရောက်ကြောင်းသိရပါသည်။ ဝယ်လိုအားများပြီး ဝယ်သလောက်မရရှိသဖြင့် စားသုံးသူပြည်သူများက ရာသီပေါ်ချိန်တွင် ဦးဦးဖျားဖျားဈေးကောင်းပေးပြီး ဝယ်ယူစားသုံးကြသဖြင့် ငါးနုသန်းငါးခြောက်များမှာ ပစ္စည်းပြတ်လပ်သည်အထိ အရောင်းအဝယ်ဖြစ်ကြောင်းသိရပါသည်။ ငါးနုသန်းငါးခြောက် အကောင်ချောကြီးတစ်ပိဿာလျှင် ကျပ် (၃၅၀၀၀)၊ ငါးနုသန်းအကောင်လတ်တစ်ပိဿာလျှင် ကျပ် (၃၀၀၀၀) ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)