မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ၂.၁၀.၂၀၂၄ ရက်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ဘီးလင်းမြို့နယ် အ.ထ.က (ရွှေလှေ) ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူပြည်သူများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကျောင်းမုန့်ဈေးတန်းအတွင်းရှိ အသင့်စားမုန့်များမှာ မြန်မာစာကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိကို သက်ဆိုင်ရာကျောင်းအကျိုးတော်ဆောင်များနှင့် ဈေးကွက်ကွင်းဆင်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)