၈.၁၀.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံသည် ပြည်နယ်ဦးစီးမှူးရုံး၌ ပို့ကုန် သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်မည့်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
လုပ်ငန်းရှင်မှ ပို့ကုန်သွင်းကုန်လုပ်ငန်းများဆောင်ရွက်ရန် လိုအပ်သောလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းရာ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံမှ ပို့ကုန်သွင်းကုန်လုပ်ငန်းဆောင်ရွက်ရန် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်နှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်လက်မှတ်တို့ ရှိရန်လိုအပ်ကြောင်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်လက်မှတ်ကို Myanmar Tradenet 2.0 တွင် ဝင်ရောက်လျှောက်ထားနိုင်ကြောင်း ဆွေးနွေးခဲ့ပြီး ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သော လုပ်ထုံးလုပ်နည်းများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)