၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၉ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ထားဝယ်မြို့ပေါ်ရှိ ဖြူသန့်သောက်ရေသန့်လုပ်ငန်းပိုင်ရှင်နှင့် ဝန်ထမ်းများအား ရေသန့်များထုပ်ပိုးရာတွင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး အသိပညာပေးဟောပြောဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်နှင့်ဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။
အဆိုပါဟောပြောပွဲတွင် တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်မောင်ထွေးက ရေသန့်များထုပ်ပိုးရာတွင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး လိုအပ်သည့်အချက်အလက်များအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး၊ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ၊ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်က စားသုံးသူအခွင့်အရေးများနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများအကြောင်းနှင့် Online Sales registration နှင့်ပတ်သက်၍ ရှင်းလင်းဟောပြောခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)