Main menu

လက်ပံတန်းမြို့ဖွဲ့နုဈေးကွက်အခြေအနေ

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင်ရှိသော ငါးမွေးကန်များ၏ အဓိကအစားအစာသည် ဖွဲနုများဖြစ်သည်။ သာယာဝတီခရိုင်အတွင်းရှိ ဆန်စက်များကြိတ်ခွဲထုတ်လုပ်ရာမှ ထွက်ရှိသော ဆန်ထွက်ပစ္စည်းဖွဲနုများကို ဒေသတွင်းတိရိစ္ဆာန်အစားအစာအဖြစ် အသုံးပြုလျက်ရှိကြောင်းနှင့် အခြားသောတိုင်းနှင့်ပြည်နယ်များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ယခင်ဩဂုတ်လ၊ နောက်ဆုံးအပတ်တွင် ဖွဲနုတစ်ပေါင်လျှင် ၃၁၀ကျပ်ဖြစ်ပြီး၊ ဖွဲနု ၆၅ပေါင်ပါ တစ်အိတ်လျှင် ၂၀၁၅၀ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခုအောက်တိုဘာလ၊ ဒုတိယအပတ်တွင် ဖွဲနုတစ်ပေါင်လျှင် ၃၅၀ကျပ်သာပေါက်ဈေးရှိနေကြောင်း၊ ဖွဲနု ၆၅ပေါင်ပါ တစ်အိတ်လျှင် ၂၂၇၅၀ကျပ်ဈေးဖြင့် (လက်လီ)ရောင်းချရကြောင်း၊ ဖွဲနုဈေးကွက်အနေဖြင့် ယခင်လနှင့် ယခုလဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ဒေသတွင်းလိုအပ်ချက်များသောကြောင့် ဈေးနှုန်းသည် အတက်ဘက်သို့ဦး တည်လျက်ရှိကြောင်း ပွဲရုံပိုင်ရှင်တစ်ဦးထံမှသိရှိရပါသည်။

DOCA(ပဲခူး)