Main menu

မိုးနှမ်းသီးနှံများ ဈေးကောင်းရရှိ

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်တွင် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ကြပြီး စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ တို့ကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ မိုးနှမ်းသီးနှံကို စိုက်ဧက ၄၀၀၀ကျော်စိုက်ပျိုး ထားရှိကြောင်းသိရသည်။

          နှမ်းစိုက်ပျိုးရာတွင် မျိုးအနေဖြင့် နှမ်းနက်(စမုံ)ကိုစိုက်ပျိုးကြပြီး တစ်ဧကလျှင် နှစ်ပြည်စိုက်ပျိုးရကြောင်း၊ မိုးနှမ်းကို မေလနှင့် ဇွန်လတို့တွင်စတင်စိုက်ပျိုးကြပြီး စက်တင်ဘာလတွင် ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၄၀၀၀၀၀ ခန့်ကုန်ကျကြောင်း၊ ယခုနှစ်တွင်ရာသီဥတုကောင်းမွန်မှုကြောင့် တစ်ဧကလျှင် ၁၃ တင်းခန့်ထွက်ရှိကြောင်းသိရပါသည်။ ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် ငွေကျပ် ၁၈၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နှမ်းစိုက်တောင်သူများအနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၁၅ သိန်း ဝန်းကျင်ခန့် အကျိုးအမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းကုန်သည်များမှတဆင့် ပြည်မြို့နှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)