Main menu

ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့က Continental တာယာကုမ္ပဏီ၏ အမေရိကန်ဒေါ်လာသန်း ၄၀၀ တန်ရင်းနှီးမြှုပ်နှံမှုကိုခွင့်ပြု

Powered by Drupal

     ထိုင်းနိုင်ငံရင်းနှစ်မြှုပ်နှံမှု ဘုတ်အဖွဲ့ (BOI) က တရုတ်နိုင်ငံပြီးနောက် ကမ္ဘာ့အကြီးဆုံး တာယာလုပ်ငန်းဖြစ်သည့် Continental အား ထိုင်းနိုင်ငံတွင် တည်ရှိပြီးဖြစ်သော ၎င်းတို့၏စက်ရုံအား တိုးချဲ့ရန်အမေရိကန်ဒေါ်လာသန်း ၄၀၀ ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုလိုက်ကြောင်း ၉-၁၀-၂၀၂၄ ရက်နေ့က ပြောကြားခဲ့ပါသည်။ Continental က ထိုင်းနိုင်ငံတွင် လွန်ခဲ့သည့် ၅ နှစ်က စ၍ ထုတ်လုပ်မှုစတင်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်း၌ထုတ်လုပ်သည့် ရာဘာနှင့်အခြားကုန်ကြမ်းများ အသုံးပြုကာ မော်တော်ဆိုင်ကယ်များ၊ လိုက်ထရပ်ကားများ၊ ခရီးသယ်တင်ကားများနှင့် EV  များအတွက် တာယာများထုတ်လုပ်လျက်ရှိကြောင်း သိရပါသည်။ ထိုင်းနိုင်ငံသည် အဓိကကားကုမ္ပဏီများအတွက် ဒေသတွင်း ကားထုတ်လုပ်ရာဗဟိုချက်ဖြစ်ပြီး လက်တလောတွင်လည်း EV ကုမ္ပဏီများထံမှရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။ ထိုရင်းနှီးမြှုပ်နှံမှုသစ်သည် Continental ၏ ထုတ်ကုန်များကို တစ်နှစ်လျှင် ၇.၈ သန်းထိရောက်ရှိစေမည်ဖြစ်ပြီး အလုပ်အကိုင်သစ် ၆၀၀ ရရှိနိုင်မည်ဖြစ်ကာ ထိုင်းနိုင်ငံတွင် ၎င်းတို့၏ ဝန်ထမ်းအရေအတွက်အား ၁၅၀၀ ထိရောက်စေမည်ဟု သိရပါသည်။ Continental ၏ ထိုတိုးချဲ့မှုသည် ထိုင်းနိုင်ငံ၏ ကားထုတ်လုပ်ရာ အချက်အခြာဆိုသည့်ဂုဏ်ဒြပ်အား အားဖြည့်ပေးခဲ့ကြောင်း BOI ၏ အတွင်းရေးမှူးချုပ်ဖြစ်သူ Narit Thersteerasukdi က ပြောကြားခဲ့ပါသည်။

Source: Bangkok Post

DOCA(ရန်ကုန်)