Main menu

အိန္ဒိယနိုင်ငံ၏တားမြစ်ချက်များ ရုပ်သိမ်းလိုက်သောကြောင့် ထိုင်းနိုင်ငံ၏ ဆန်ဖြူဈေးနှုန်းများကျဆင်း

Powered by Drupal

    အိန္ဒိယနိုင်ငံ၏ ဘာစမာတီမဟုတ်သောဆန်ဖြူတင်ပို့မှု ပြန်လည်စတင်ပြီးနောက် ထိုင်းဆန်ဖြူ ပြည်တွင်းဈေးနှုန်းသည်လည်း ကျဆင်းလာခဲ့သည်။ သို့သော်လည်း ယခုနှစ်ဆန်တင်ပို့မှု ပမာဏအပေါ် သက်ရောက်မှုမရှိသေးကြောင်း ထိုင်းဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookai Ophaswongse ၏အဆိုအရ သိရသည်။ အိန္ဒိယအစိုးရသည်ဘာစမာတီမဟုတ်သောဆန်ဖြူတင်ပို့မှုအား စက်တင်ဘာလ ၂၈ ရက်နေ့တွင်ရုတ်သိမ်းခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် သီးနှံအထွက်နှုန်းပိုများပြားလာကာ ပြည်တွင်းထောက်ပံ့မှုအတွက် နိုင်ငံပိုင်ဂိုဒေါင်အရန်သိုလှောင်မှုကို အားကောင်းစေသည်ဟု စက်တင်ဘာ ၂၈ ရက်နေ့ကပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံသည် ပေါင်းဆန်အပေါ် ပို့ကုန်အခွန် ၂၀ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လျှော့ချခဲ့သည်။ ၇-၁၀-၂၀၂၄ ရက်နေ့ (တနင်္လာနေ့) တွင် အိန္ဒိယနိုင်ငံ၏ ဆန်ကျိုး ၅ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာ ၄၉၀ ဝန်းကျင်ဖြင့် ကမ်းလှမ်းခဲ့သည်။ ဝယ်သူများနှင့်ရောင်းချသူများသည်  အိန္ဒိယဆန်တိုးမြင့်ရောင်းချမှု၏ အလားအလာနှင့် အကျိုးသက်ရောက်မှုကိုအကဲဖြတ်နေကြပြီး အိန္ဒိယဆန်တင်ပို့သူများ၏ အမှန်တကယ်ရောင်းဈေးနှင့် ပတ်သက်၍မသေချာမှုများလည်းရှိနေသည်ဟု Chookai Ophaswongse ကဆိုသည်။ ပို့ကုန်တားမြစ်ချက်ရုတ်သိမ်းလိုက်ခြင်းကြောင့် ကမ္ဘာ့ဆန်ဖြူတင်ပို့မှုတန်ချိန် ၅.၆ သန်းထိ တိုးမြင့်လာခဲ့သည် ။ ထိုင်းနိုင်ငံ၏ဆန်ကွဲ ၅ ရာခိုင်နှုန်းသည် ယခင်အပတ်က ကန်ဒေါ်လာ ၅၅၀ မှ ကန်ဒေါ်လာ  ၅၂၀ သို့ကျဆင်းခဲ့ပြီးဆန်ဖြူတစ်တန်လျှင် ဘတ် ၁၆၅၀၀-၁၇၀၀၀ မှ ၁၅၃၀၀ သို့ ကျဆင်းခဲ့သည်။ ထိုင်းနိုင်ငံသည် ယခုနှစ်တွင်ဆန်တန်ချိန် ၈.၅ သန်းတင်ပို့နိုင်ရန် ရည်မှန်းထားပြီး အိန္ဒိယသည် တန်ချိန် ၁၃၈ သန်းအထိထွက်ရှိရန် မျှော်မှန်းထားသောကြောင့် လာမည့်နှစ်တွင် တန်ချိန် ၆ သန်း သာကျဆင်းသွားမည်ဖြစ်သည်။ ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုဈေးနှုန်းသည် ဈေးကွက်တွင် မြင့်မားသောရောင်းလိုအားကြောင့် ကျဆင်းနိုင်သော်လည်း ကျဆင်းမှုသည် အချက်များစွာအပေါ်မူတည် ကြောင်း Mr Chookia က ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ်ပထမရှစ်လတာ ကာလအတွင်း ဆန်တင်ပို့မှုပမာဏသည် တန်ချိန် ၆.၇၅ သန်းရှိပြီးတစ်နှစ်ထက်တစ်နှစ်တန်ချိန် ၁.၂၈ သန်း သို့မဟုတ် ၂၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

Source:Bangkok post

DOCA(ရန်ကုန်)