Main menu

မြောင်းမြခရိုင် ဝါးခယ်မမြို့ ရေကျော်ရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူများအား စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

Powered by Drupal

           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၉.၁၀.၂၀၂၄) ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ် ရေကျော်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်နေပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းဆွေးနွေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

      ထိုသို့အသိပညာပေးဟောပြောပွဲပြုလုပ်ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှစားသုံးသူကာကွယ်ရေးဥပဒေနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများ ဓာတုဆေးများနှင့်ပတ်သက်၍ စားသုံးသူပြည်သူများလုံခြုံစိတ်ချမှုရှိစေရေးအတွက် စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူကာကွယ်ရေးဆောင်ရွက်ချက်များ၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ ကုန်စည်နှင့် ပတ်သက်၍အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် Call Center 1535 သို့ဆက်သွယ် တိုင်ကြားနိုင်ပါကြောင်းအသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။ဟောပြောဆွေးနွေးပွဲသို့ ရပ်ကွက်နေပြည်သူ (၂၀)ဦးတက်ရောက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)