Main menu

အင်ဒိုနီးရှား၏ စားအုန်းဆီကဏ္ဍအင်ဒိုနီးရှားရူပီး ၇၇၅ ထရီလီယံရောက်ရှိနိုင်ကြောင်း ဝန်ကြီးပြောကြား

Powered by Drupal

    အင်ဒိုနီးရှား၏စက်မှုဝန်ကြီးဖြစ်သူ Agus Gumiwang Kaetasasmita က အင်ဒိုနီးရှား၏ စားအုန်းဆီအခြေခံသည့် စီးပွားရေးသည် ၂၀၂၄ ခုနှစ်ကုန်တွင် အင်ဒိုနီးရှားရူပီး ၇၇၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၉.၅၆ ဘီလီယံ) ပတ်လည်ရှိနိုင်ကြောင်း ၉-၁၀-၂၀၂၄ ရက်နေ့က ပြောကြားခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၏ဒုတိယ ၃ လပတ်ကာလတွင်နိုင်ငံတော်၏ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) သည် အင်ဒိုနီးရှားရူပီး ၅၅၃၆ ထရီလီယံရှိပြီးထိုပမာဏထဲတွင် စားအုန်းဆီပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းက အင်ဒိုနီးရှားရူပီး ၁၉၃.၇၆ ထရီလီယံဖြင့် ၃.၅ ရာခိုင်နှုန်းပါဝင်ကြောင်း သိရပါသည်။ ဝန်ကြီးက စားအုန်းဆီလုပ်ငန်းသည် နိုင်ငံတော်စီးပွားရေးတွင် သိသာစွာပါဝင်လာခြင်းမှာအစိုးရ၏ တန်ဖိုးမြှင့်ထုတ်လုပ်တင်ပို့ရာတွင် အားထုတ်ခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ လက်တွေ့တွင် စာအုန်းဆီထုတ်လုပ်တင်ပို့သည့် လုပ်ငန်းသည် စားအုန်းဆီမှ ထုတ်လုပ်၍ရသည့် အစားအစာ၊ ဓာတုပစ္စည်း၊ ဘိုင်အိုလောင်စာနှင့် ဘိုင်အိုပစ္စည်းများ ထုတ်လုပ်ခြင်းတွင် အဓိကအာရုံစိုက်ထားကြောင်း သိရပါသည်။ စားအုန်းဆီထုတ်ကုန်များ ထုတ်လုပ်တင်ပို့မှုဖွံ့ဖြိုးတိုးတက်ရေးသည် တန်ဖိုးကို ၅၈၀ ရာခိုင်နှုန်းခန့်ထပ်တိုးရရှိနိုင်သည့် ချွေးချွတ် ဆေးရည်၊ အလှကုန်ပစ္စည်းများ၊ သုတ်ဆေးနှင့်ဆေးဝါးစသည့် တန်ဖိုးမြင့်ပစ္စည်းများသို့ ဦးတည်နေကြောင်း သိရပါသည်။ ဇီဝလောင်စာထုတ်လုပ်တင်ပို့ခြင်းတွင်လည်း LPG အတွက် အခြားရွေးချယ်စရာအနေဖြင့် အသုံးပြုနိုင်သည့် DME နှင့် capacitors ၊ biscrystals နှင့် G-Z ethanol  ကဲ့သို့သော စားအုန်းဆီမှ ထုတ်လုပ်၍ရသည့် ထုတ်ကုန်များတွင်အာရုံစိုက်ထားကြောင်း သိရပါသည်။ ပြည်တွင်းစားအုန်းဆီလုပ်ငန်းမှ ထုတ်လုပ်၍ ရသည့်ထုတ်ကုန်အမျိုးအစားသည် ၂၀၁၁ ခုနှစ်တွင် ၄၈ မှ ၂၀၂၃ ခုနှစ်တွင် ၁၉၃ နှင့် ယခုအခါ ၂၀၀ အထိရှိပြီးဖြစ်ကြောင်းဝန်ကြီးက ဆက်လက် ပြောကြားခဲ့ပါသည်။ ၂၀၂၃ ခုနှစ်မှ အချက်အလက်များအရ စားအုန်းဆီနှင့်၎င်းတို့မှ ထုတ်လုပ်သည့် ထုတ်ကုန်များ တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၈.၄၅ ဘီလီယံရှိကြောင်း သိရပါသည်။ စားအုန်းဆီလုပ်ငန်းသည် အသေးစားလုပ်ငန်းရှင်များအပါအဝင် အလုပ်သမား ၁၆.၂ သန်းကို တိုက်ရိုက်နှင့် သွယ်ဝိုက်အလုပ်အကိုင် ဖန်တီးပေးထားကြောင်း သိရပါသည်။

Source: Antara News

DOCA(ရန်ကုန်)