Main menu

ကန့်ဘလူမြို့၏ ရာသီစာ ကောက်ညှင်းပြားများ စတင်ရောင်းချလျက်ရှိ

Powered by Drupal

      မြန်မာနိုင်ငံတွင် နွေရာသီ၊ မိုးရာသီနှင့် ဆောင်းရာသီ ဆိုပြီး ရာသီဥတု(၃)မျိုးရှိရာ ရာသီဥတုအလိုက် ဒေသအစားအစာများ ပြုလုပ်ရောင်းချလျက်ရှိကြသည်။ ယခုအခါ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူမြို့တွင် ရာသီအစားအစာတစ်မျိုးဖြစ်သည့်  ကောက်ညှင်းပြား(ခေါ်)ခေါစီများ စတင်ရောင်းချလျက်ရှိကြောင်း သိရသည်။

      ကောက်ညှင်းပြား(ခေါ်)ခေါစီပြုလုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်း ကောက်ညှင်းဆန်ကို ဒေသတွင်းတောင်သူများထံမှ ဝယ်ယူရရှိသလို မိုးညှင်းဒေသမှလည်းမှာယူပြီး အသုံးပြုလျက်ရှိ ကြောင်း၊ ကောက်ညှင်းဆန်အနက်ရောင်နှင့် ကောက်ညှင်းဆန်အဖြူရောင်ဆိုပြီး (၂)မျိုးရှိကြောင်း၊ စားသုံးသူများအနေဖြင့် ကောက်ညှင်းဆန်အနက်ဖြင့် ပြုလုပ်သည်ကို ပိုမိုကြိုက်ကြကြောင်း၊ ကောက်ညှင်းဆန်ကို ကောက်ညှင်းပြားအပြင် ခေါပြင်နှင့် ပေါင်းသင်းတို့ပြုလုပ်၍လည်း ရောင်းချကြောင်း၊ ကန့်ဘလူမြို့၊ ဘုရာကြီးညနေဈေးတွင် ကောက်ညှင်းပြားကြီး ၅ ပြားလျှင် ၁၀၀၀ကျပ် ၊ ကောက်ညှင်းပြားသေး ၉ ပြားလျှင် ၁၀၀၀ ကျပ် ၊ ခေါပြင် ၁ တုံးလျှင် ၁၀၀ ကျပ်ရောင်းဖြင့် ရောင်းချကြောင်း၊ ဈေးကွက်နေဖြင့် မြို့ပေါ်နေပြည်သူများ၊ ခရီးသွားပြည်သူများနှင့် အသိမိတ်ဆွေများထံ လက်ဆောင်ပစ္စည်းအဖြစ် ဝယ်ယူပေးပို့ကြသောကြောင့် နေ့စဉ်ဝင်ငွေရရှိကာ မိသားစုအဆင်ပြေလျက်ရှိကြောင်း ကန့်ဘလူမြို့ အမှတ်(၁)ရပ်ကွက်ရှိ ကောက်ညှင်းပြား(ခေါ်)ခေါစီ ပြုလုပ်ရောင်းချသူထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)