ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနတွင် (၁၀/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၈.၁၀.၂၀၂၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် virtual စနစ်ဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပြီး ဒုတိုင်းဦးစီးမှူး၊ ဌာနခွဲတာဝန်ခံများ၊ ခရိုင်ဦးစီးမှူးများနှင့် ဝန်ထမ်းများအပါအဝင် စုစုပေါင်း (၃၅)ဦး တက်ရောက်ခဲ့ပါသည်၊၊
အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီးဦးဇေယျာဆွေမှ အဖွင့်မှာစကားပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှူးများအနေဖြင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ တွေ့ကြုံရသောလုပ်ငန်းအခက်ခဲများ၊ အားသာချက်၊ အားနည်းချက်များတင်ပြလာမှုအပေါ်ဆွေးနွေး၍ သက်ဆိုင်ရာဌာနခွဲတာဝန်ခံများမှလည်း လုပ်ငန်းလိုအပ်ချက်များကို ခရိုင်ဦးစီးမှူးများကို ပြောကြားခဲ့ပြီး အစည်းအဝေးကို နံနက်(၁၁:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်၊၊
DOCA(ဧရာဝတီ)