Main menu

ပြည်ဈေးကွက်မှ ရာသီစာကိုင်းဥ

Powered by Drupal

         တစ်နှစ်တွင် ပုံမှန် တစ်လ၊ နှစ်လသာ ရှားရှားပါးပါးပေါ်သော ရာသီစာကိုင်းဥကို ယခုကဲ့သို့သောအချိန် မြစ်ကမ်းနားဘေးနားရှိ ကိုင်းပင်များတွင် တွေ့ရတတ်ပါသည်။ ကိုင်းဥဟုခေါ်ဆိုသော်လည်း ဥလည်းမဟုတ်၊ မှိုလည်းမဟုတ်၊ အသီးလည်းမဟုတ်ကြောင်းသိရပါသည်။ ကိုင်းပင်၏ပင်စည်မှ အစေးများစုပြီး ဥကဲ့သို့ဖြစ်တည်နေသော အစားအစာတစ်မျိုးဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ အင်ဥကဲ့သို့ ချောမွေ့မှုမရှိဘဲ ကြမ်းတမ်းတမ်းရှိပြီး အရသာမှာ စိမ့်သောအရသာရှိပါသည်။ ကိုင်းဥကို ဆားနှင့်ငရုတ်ကောင်းဖြူးပြီး ကင်စားကြသကဲ့သို့ တချို့မှာလည်း ကန်စွန်းရွက်နှင့်ရော၍ ကြော်စားတတ်ကြပါသည်။ ရာသီစာဖြစ်ပြီး လူကြိုက်များသော်လည်း ရှားပါးပြီး အနည်းငယ်သာထွက်ရှိသောကြောင့် ဈေးကွက်အတွင်း၌ အနည်းငယ်သာတွေ့ရတတ်ပါသည်။

       ပြည်ဈေးကွက်တွင် ရောင်းချနေသော ကိုင်းဥဈေးနှုန်းများမှာ ယခင်နှစ်တွင် နို့ဆီဘူးတစ်ဘူးလျှင် ၃၅၀၀ကျပ်ဈေးရှိခဲ့ပြီး ယခုနှစ်တွင် နို့ဆီဘူးတစ်ဘူးလျှင် ၈၀၀၀ကျပ်ဈေးဖြင့်ရောင်းချသဖြင့် ကိုင်းဥဈေးမှာ နို့ဆီဘူးတစ်ဘူးလျှင် ၄၅၀၀ကျပ်ခန့်ဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)