Main menu

၂၀၂၄ခုနှစ်၏ ပထမ ၉လတာကာလတွင် အမေရိကန်ဒေါ်လာ ၂၀ဘီလီယံနီးပါးတင်ပို့ခဲ့သည့် ကမ္ဘောဒီးယား

Powered by Drupal

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ခုနှစ်၏ ပထမ ၉လတာကာလတွင် အမေရိကန်ဒေါ်လာ ၁၉.၈ ဘီလီယံတန်ဖိုးရှိသည့် ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့ခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၁၇% မြင့်တက်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ အကောက်ခွန်နှင့် အခွန်ထွေထွေဦးစီးဌာန၏ တင်ပြချက်အရသိရပါသည်။ တစ်ချိန်တည်းမှာပင် ကမ္ဘောဒီးယားသည် အမေရိကန်ဒေါ်လာ ၂၁ဘီလီယံတန်ဖိုးရှိသည့် ကုန်ပစ္စည်းများအား ပြည်ပဈေးကွက်မှ တင်သွင်းခဲ့ကြောင်း သိရပါသည်။ ထိုအချက်အလက်များအရ ကမ္ဘောဒီးယား၏ စုစုပေါင်းကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၄၀.၉ ဘီလီယံကျော်ရောက်ရှိခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၁၆% မြင့်တက်ခဲ့ကြောင်းသိရပါသည်။ တရုတ်၊ ဗီယက်နမ်နှင့် အမေရိကန်တို့သည် စုစုပေါင်းကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၁.၁၄ ဘီလီယံ၊ အမေရိကန်ဒေါ်လာ ၇.၈ ဘီလီယံနှင့် အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံ အသီးသီးဖြင့် ကမ္ဘောဒီးယား၏ အကြီးမားဆုံးမိတ်ဖက်များဖြစ်ကြောင်းသိရပါသည်။ အမေရိကန်သည် အမေရိကန်ဒေါ်လာ ၇.၆ ဘီလီယံဖြင့် ကမ္ဘောဒီးယား၏ အကြီးမားဆုံးတင်ပို့ရာဈေးကွက်ဖြစ်ပြီး ဗီယက်နမ်က အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံဖြင့် ဒုတိယ၊ တရုတ်က အမေရိကန်ဒေါ်လာ ၁.၂၇ ဘီလီယံဖြင့် တတိယနေရာတွင် ရပ်တည်နေကြောင်းသိရပါသည်။ ကမ္ဘောဒီးယား၏ တရုတ်၊ တောင်ကိုရီးယားတို့နှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်များနှင့် ဒေသဆိုင်ရာ ကျယ်ပြန့်သောစီးပွားရေးမိတ်ဖက်အဖွဲ့တို့က ကုန်သွယ်ရေးကြီးထွားမှုတွင် သိသာစွာပါဝင်ခဲ့ကြောင်းသိရပါသည်။ ကမ္ဘောဒီးယား၏ အဓိကတင်ပို့သည့်ထုတ်ကုန်များမှ အဝတ်အထည်များ၊ စက်ပစ္စည်းများ၊ လျှပ်စစ်တပ်ဆင်ပစ္စည်းများ၊ ဖိနပ်ထုတ်ကုန်များ၊ သားရေကုန်ပစ္စည်းများ၊ နှံစားသီးနှံများ၊ ပရိဘောဂ၊ ရော်ဘာ၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ပုလဲများ၊ အရုပ်များ၊ အထည်အလိပ်များဖြစ်ကြောင်းသိရပါသည်။ အဓိကသွင်းကုန်များမှာ ဆေးဝါးနှင့် ဖြည့်စွက်စာများ၊ လူသုံးကုန်ပစ္စည်းများ၊ အစားအစာနှင့် အဖျော်ယမကာများဖြစ်ကြောင်းသိရပါသည်။ အဝတ်အထည်၊ ဖိနပ်နှင့် ခရီးသွားအသုံးအဆောင်လုပ်ငန်းသည် အကြီးမားဆုံးနိုင်ငံခြားငွေရရှိရာကဏ္ဍဖြစ်ပြီး စက်ရုံပေါင်း ၁၃၀၀ခန့်ရှိကာ လုပ်သား ၈၅၀၀၀၀ခန့်အပ်ထားကြောင်းသိရပါသည်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကလည်း ၂၀၂၄ခုနှစ်တွင် ကမ္ဘောဒီးယား၏ စီးပွားရေးကို ၅.၅% တိုးချဲ့နိုင်မည်ဟု ခန့်မှန်းထားကြောင်းသိရပါသည်။
Source: Kbmer Times
DOCA(ရန်ကုန်)