တိုက်ကြီးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ (၁၀-၁၀-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုသို့အစည်းအဝေးကျင်းပရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသူအောင်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကိုပံ့ပိုးမြှင့်တင်နိုင်ရန်၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အထူးကြိုစားဆောင်ရွက်သွားရန်ဆွေးနွေးခဲ့ပြီး အစည်းအဝေးသို့ ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် စိုက်ပျိုးရေးပညာရှင်များ၊ ဌာနဆိုင်ရာတိုင်းခရိုင်၊ မြို့နယ်အဆင့်အကြီးအကဲများနှင့် စိုက်ပျိုးတောင်သူစုစုပေါင်း (၇၀)ဦးပါဝင်တက်ရောက်ခဲ့ကြောင်းသိရပါသည်။
DOCA(ရန်ကုန်)
MSME ချေးငွေစိစစ်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး
Powered by Drupal