Main menu

ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ စားအုန်းဆီများ သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

အထက်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော စားအုန်းဆီများသည် သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးရန် ညွှန်ကြားချက်အရ ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ တောင်ဒဂုံမြို့ နယ်၊ မြောက်ဒဂုံမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အရှေ့ဒဂုံမြို့နယ်တို့၏ ဈေးများရှိ စားအုန်း ဆီအရောင်းဆိုင်တို့အား (၁၁-၁၀-၂၀၂၄) ရက်နေ့တွင် ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းရှိ/ မရှိကိုစစ်ဆေးရာ၌ သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချလျက်ရှိကြောင်းကိုတွေ့ရှိရပြီး ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမရှိစေရေး ကြီးကြပ်ပေးရန် ဈေးစည်ပင်ရုံးမှ တာဝန်ရှိသူများကို ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)