အထက်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော စားအုန်းဆီများသည် သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးရန် ညွှန်ကြားချက်အရ သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ တောင်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ တာမွေမြို့နယ်၊ ရန်ကင်းမြို့နယ်တို့၏ ဈေးများရှိ စားအုန်းဆီအရောင်းဆိုင်တို့အား (၁၁-၁၀-၂၀၂၄) ရက်နေ့တွင် ဝန်ထမ်းများက မြေပြင်ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းရှိ/မရှိကိုစစ်ဆေးရာ၌ စားအုန်းဆီများကို အိမ်တိုင်ရာရောက်ဖြန့်ဖြူးရောင်းချရေးကော်မတီ၏သည် Door to Door စနစ်ဖြင့် မြို့နယ်များသို့ ကြီးကြပ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည့်အတွက် ဈေးကွက်အတွင်း ဝယ်ယူသူနည်းပါးသွားသည့်အတွက် သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချလျက်ရှိကြောင်းကိုတွေ့ရှိရပြီး ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမရှိစေရေး ကြီးကြပ်ပေးရန် ဈေးစည်ပင်ရုံးမှ တာဝန်ရှိသူများကို ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)
သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ စားအုန်းဆီများ သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း
Powered by Drupal