စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ ကော့မှူးမြို့နယ် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် အောက်တိုဘာလ(၁၀)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် ရပ်ကွက်များရှိ စားသောက်ကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စုံဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံတို့သည် အမှတ်(၂၂)၊ ဗိုလ်ချုပ်လမ်း၊ မြို့မရပ်ကွက်ရှိ ဦးကိုလေးကုန်စုံဆိုင်၊ အမှတ်(၃၀) စည်ပင်လမ်း၊ ပြည်တော်သာရပ်ကွက်ရှိ ဦးထွန်းလွင် (ရတနာလွင်) ကုန်စုံဆိုင်များတွင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးတွင် စားသုံးသူရေးရာဦးစီးဌာနမှသတ်မှတ်ထားသော ကုန်စည်အုပ်စု(က) အစားအသောက်များအုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြရမည့် အချက်များဖြစ်သော ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့အား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြပါရှိသော အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးကိုသာ မိမိတို့၏ဈေးဆိုင်များတွင် ဝယ်ယူဖြန့်ဖြူးရောင်းချပေးကြရန်နှင့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်းမရှိသော အသင့်စား ခေါက်ဆွဲခြောက်အမျိုးမျိုးနှင့် အခြေခံစားသောက်ကုန်ပစ္စည်းအမျိုးမျိုးတို့အား ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ကြရန် ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)
“ ကော့မှူးမြို့နယ်၌ စားသောက်ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”
Powered by Drupal