Main menu

ညောင်တုန်းမြို့နယ်တွင် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချခြင်းရှိ/ မရှိ စစ်ဆေးဆောင်ရွက်ခြင်း

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၈-၁၀-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားအုန်းဆီများကို ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးရာ၌ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ညောင်တုန်းမြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချနေသော ဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးရာ ဆီကုန်သည်ကြီးများအသင်း၏ တိုင်းဒေသကြီး၊ ခရိုင်/ မြို့နယ်အသီးသီးရှိ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းခွဲများသို့ ဖြန့်ဖြူးရောင်းချထားသော စားအုန်းဆီများကို သက်ဆိုင်ရာမြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းခွဲများမှ ဒေသတွင်းရှိ ဆီကုန်သည်များသို့ ပြန်လည်ဖြန့်ဖြူးရောင်းချရာတွင် ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်ထပ်ပေါင်း၍ ၂% အမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်တွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချပေးမှုရှိ/ မရှိနှင့် လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့်ရောင်းချစေရေး၊ ဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချခြင်းများမရှိစေရေး၊ ဆီအရောင်းဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဆိုင်းဘုတ်တင်ရောင်းချခြင်းရှိ/ မရှိတို့ကို ကြီးကြပ်စစ်ဆေး‌ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)