ပူအိုက်သောရာသီဥတုတွင် ရေဓာတ်သည်အလွန်အရေးပါသည်။ ထို့ကြောင့် ရေဓာတ်ပြည့်ဝစွာ ပါဝင်သော ဖရဲသီးစားသုံးခြင်းသည်လည်း ကျန်းမာရေးအတွက် တစ်ထောင့်တစ်နေရာမှ အကျိုး ပြုနေလျက်ရှိသည်။ ထို့ကြောင့် ဖရဲစိုက်ပျိုးမှုသည်လည်း အတန်အသင့်အရေးပါသော စိုက်ပျိုးရေး လုပ်ငန်းတစ်ခုဖြစ်သည်။ ဖရဲသီးကို မြန်မာနိုင်ငံအထက်ပိုင်းတွင် အများဆုံးစိုက်ပျိုးပြီး မြန်မာနိုင်ငံ အနှံ့အပြားတွင် စိုက်ပျိုးကြသည်။ ပူအိုက်စိုစွတ်သော ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ မိုင်းလင်းအရှေ့ ကျေးရွာအုပ်စု၊ တာလေ-ကျိုင်းလပ်သွား လမ်းဘေးဝဲယာရှိ ဝိန်းလန်း-လန့်တောင်းကျေးရွာတို့တွင် စိုက်ပျိုးကြပြီး မြန်မာနိုင်ငံအလယ်ပိုင်း ပဲခူးတိုင်းဒေသကြီးတွင်လည်း စိုက်ပျိုးကြပါသည်။
ဖရဲသီးတွင် ခန္ဓာကိုယ်အတွက်အရေးပါနေသော အာဟာရဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်နှင့် အော်ဂဲနစ်ဒြပ်ပေါင်းများ ပါဝင်လျက်ရှိပြီး ဗီတာမင်C ၊ ကယ်လ်ဆီယမ်၊ အမျှင်ဓာတ်၊ ပရိုတင်းဓာတ် စသည့်ဓာတ်များ ပါဝင်နေသည့်အတွက် ကျန်းမာရေးအတွက် စားသုံးသင့်သော အသီးတစ်မျိုးဖြစ်ပါသည်။
ထို့အပြင် ဖရဲသီးကိုမိသားစုတစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်စိုက်ပျိုးလာကြပြီး ပြည်ပသို့တင်ပို့နိုင်သည်အထိ တစ်ဖြေးဖြေး တိုးချဲ့စိုက်ပျိုးသင့်ပါသည်။ ဇန်နဝါရီလသည် ဖရဲသီးပေါ်သည့် အချိန်ကာလ ဖြစ်၍ ဖရဲသီးဈေးကွက် ပြန်လည်စတင်မည်ဖြစ်ပါသည်။ ယခုအခါဖရဲသီး အကြီးတစ်လုံးလျှင် (၄၀၀၀)(၅၀၀၀) ကျပ်ခန့်ဖြစ်ပြီး၊ အသေးတစ်လုံးလျှင်(၂၀၀၀)ကျပ်ခန့် ဖြစ်ပေါ်လျက်ရှိပါသည်။
DOCA(ပဲခူး)
ရာသီပေါ်ဖရဲ
Powered by Drupal