Main menu

ထားဝယ်မြို့သို့ မြန်မာနိူင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

Powered by Drupal

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ၊ ၁၃ ရက်နေ့တွင် မြန်မာနိူင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd ကုမ္ပဏီမှ တင်ပို့ရောင်းချ သည့် စားအုန်းဆီ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ(၈၄)ပေပါကို ယာဥ်မောင်း ဉီးမျိုးဇော်ဝင်း ယာဉ်အမှတ် 7P-7112 ISUZU မော်တော်ယာဥ်ဖြင့် တင်ဆောင်၍ ထားဝယ်မြို့၊ အိမ်ရှေ့ပြင် ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးစတားကားဂိတ် ယာဥ်ရပ်နားစခန်း၊ စားအုန်းဆီ ၁ ပေပါလျှင် ၁၁၀ ပိဿာ ပါ စားအုန်းဆီ ၆၀ ပေပါကို ယာဥ်မောင်း ဉီးအောင်မျိုးဟိန်း ယာဉ်အမှတ် 7J-2781 ISUZU မော်တော် ယာဥ်နှင့်တင်ဆောင်၍ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်း၊ ရတနာဦး ကားဂိတ်ယာဥ်ရပ် နားစခန်း၊ ယာဉ်မောင်းဦးမျိုးမင်းကျော် ယာဉ်အမှတ် 7K-6531 Hino မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၆၆)ပေပါကို တင်ဆောင်၍ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ရွှေမြင့်မိုရ် ယာဉ်ရပ်နား စခန်းများသို့ အသီးသီးရောက်ရှိလာရာ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း၊ ရောက်ရှိလာသော စားအုန်းဆီ စုစုပေါင်း(၂၁၀)ပေပါကို အဆိုပါ ကုမ္ပဏီ၏ လက်ကားအရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ် မြို့တွင်းရှိ မြောင်းပုလဲရပ်ကွက်၊ ကမြောကင်းလမ်းရှိ ဦးနိုင်ဝင်းဇော်၏ ကုန်စုံဆိုင်အပါအဝင် လက်လီ ဆိုင် ၁၅ ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)