Main menu

အောက်တိုဘာလအစ ကွမ်းသီးစျေးနှုန်းများ စျေးကောင်းရရှိနေခြင်းနှင့် ကွမ်းသီးနုစျေးကွက်

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်မှထွက်ရှိလာသော ဒေသထွက်ကွမ်းသီးများကို နေ့စဉ် အခြားတိုင်းနှင့် ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိပြီး စျေးကွက်မှာလည်း တည်ငြိမ်လျက်ရှိသည်။ ကွမ်းသီးတင်ပို့ရောင်းချရာတွင် ကွမ်းသီးခြောက်၊ ခွဲခြမ်းနှင့်ကွမ်းသီးအနုများဟူ၍ အမျိုးမျိုးတင်ပို့ရောင်းချလျက်ရှိပြီး ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးသို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြပါသည်။
ယခင်က ကွမ်းသီးနုဝယ်ယူမှုနည်းပါးသော်လည်း ကွမ်းသီးနုကုန်ချော ခေတ်စားလာသည်နှင့်အမျှ တရုတ်နိုင်ငံမှ ဝယ်ယူမှုအားကောင်းလာခဲ့ရာ ယခုအချိန်တွင် ကွမ်းသီးနုစျေးနှုန်းမြင့်တက်လာပြီး ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့စျေးနှုန်းအရ တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်ခန့်ထိဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၏ (၁၀-၁၀-၂၀၂၄)ရက်နေ့ရှိ ကွမ်းသီးစျေးနှုန်းသည် ကွမ်းသီးခြောက်တစ်ပိဿာလျှင် (၉၅၀၀)ကျပ်ခန့်၊ ခွဲခြမ်းတစ်ပိဿာလျှင်(၅၅၀၀)ကျပ်ခန့်နှင့် ကွမ်းသီးအနုတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်ခန့်ထိ ဖြစ်ပေါ်နေကြောင်း ကွမ်းသီးလုပ်ငန်းရှင်တစ်ဦးထံမှသိရှိရပါသည်။
DOCA(တနင်္သာရီ)