Main menu

အိမ်သုံးဆေးဝါးအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြိတ်ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁၁) ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် မြိတ်မြို့ပေါ်ရှိ အိမ်သုံးဆေးဝါးအရောင်းဆိုင်များသို့သွားရောက်၍ စျေးကွက်တွင်ဖြစ်ပေါ်နေသော အခြေအနေများနှင့် ဆေးပြတ်လပ်မှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စျေးနှုန်းစျေးကွက်အခြေအနေများ၊ ဆေးဝါးပြတ်လပ်မှုရှိ/ မရှိနှင့် ဖြစ်သင့်ဖြစ်ထိုက်သောစျေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး သောက်သုံးရန်မသင့်သော ဆေးဝါးများရောင်းချမှုမရှိစေရေးနှင့် သက်တမ်းလွန်ဆေးဝါးများအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)