ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ ရောင်းချနေသော သစ်သီးဝလံ ဈေးနှုန်းများမှာ အောက်တိုဘာလ ဒုတိယအပတ်တွင် ပန်းသီးတစ်ကီလိုလျှင် (၆၀၀၀) ကျပ်၊ လိမ္မော်သီး တစ်ကီလိုလျှင် (၅၀၀၀) ကျပ်၊ နဂါးမောက်သီး တစ်ကီလိုလျှင် (၄၀၀၀) ကျပ်၊ ထောပတ်သီး တစ်ကီလိုလျှင် (၅၅၀၀) ကျပ်၊ ကြက်မောက်သီး၊ မင်းကွတ်သီး၊ နှင်းသီးနှင့် မက်မန်းသီး တစ်ကီလိုလျှင် (၈၀၀၀) ကျပ်၊ သစ်တော်သီး တစ်ကီလိုလျှင် (၁၀၀၀၀) ကျပ်၊ စပျစ်သီး တစ်ကီလိုလျှင် (၁၄၀၀၀) ကျပ် နာနတ်သီးအလုံးကြီး တစ်လုံးလျှင် (၅၀၀၀) ကျပ်နှင့် သခွားမွှေး အလုံးကြီး တစ်လုံးလျှင် (၉၀၀၀) ကျပ်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း ကျိုင်းတုံမြို့မဈေး အတွင်းရှိ သစ်သီးရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(ရှမ်း)