Main menu

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းအခြေအနေ

Powered by Drupal

    ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဈေးကွက်ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၃၀၀၀၀) ကျပ်၊ ဆင်တံ ဆိပ်(50)kg တစ်အိတ်လျှင် (၃၂၀၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၃၂၀၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၁၀၀၀)ကျပ်၊ ဆင်တံဆိပ်(50)kg တစ်အိတ်လျှင် (၂၂၆၀၀)ကျပ်၊ စိန်တံဆိပ်(50)kg တစ်အိတ်လျှင် (၂၂၆၀၀)ကျပ် ဖြစ်ပါသည်။

    ကျိုင်းတုံမြို့ရှိ အောက်တိုဘာလ ဒုတိယအပတ် ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၁၅၆၀၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၄၄၀၀၀) ကျပ်၊ တီဆူပါ (may) (၁)လီတာလျှင် (၇၁၀၀၀)ကျပ်၊ ယူရီးယား(မြင်းပျံ) (50)kg တစ်အိတ်လျှင် (၁၄၂၅၀၀) ကျပ် ဖြစ်ပါသည်။

    ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ဘိလပ်မြေဈေးနှုန်း၊ ဓာတ်မြေဩဇာဈေးနှုန်းနှင့် တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းတို့မှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိပါသည်။

DOCA(ရှမ်း)