Main menu

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်လှစ်

Powered by Drupal

          ၂၀၁၆ခုနှစ်၊ ဧပြီလ ၁ရက်နေ့မှစ၍ စားသုံးသူရေးရာဦးစီးဌာနကိုစတင်ဖွင့်လှစ်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၄ခုနှစ်တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၉ခုနှစ်တွင် ပိုမိုပြည့်စုံသည့် စားသုံးသူကာကွယ်ရေးဥပဒေကိုပြဋ္ဌာန်းခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးဥပဒေကို စားသုံးသူရေးရာဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် ထဲထဲဝင်ဝင်သိရှိရန် စာတွေ့နှင့်လက်တွေ့ ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ရှိ ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို လက်တွေ့ဆောင်ရွက်ရာတွင် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားတိုးတက်ပြီး ဝမ်းစာပြည့်ရန်ရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှ (၂)ရက်နေ့တွင်ဖွင့်လှစ်ခဲ့ရာ သင်တန်းသား/ သူ (၁၂) ဦးတက်ရောက်ခဲ့ပါသည်။

          သင်တန်းပထမနေ့တွင် စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူရေးရာဦးစီးဌာန၏မူဝါဒများ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် ၂၀၁၉ခုနှစ်၊ မတ်လ ၁၅ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၉) ဖြင့် ပြဋ္ဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများကိုဆွေးနွေးဟောပြောခြင်း၊ ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူက စာရင်းစစ်ကန့်ကွက်ချက်ဖြစ်ပေါ် စေနိုင်သည့်အချက်များနှင့် စားသုံးသူနစ်နာဆုံးရှုံးများဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့်နည်းလမ်းအကြောင်းကိုဆွေးနွေးဟောပြောခြင်း၊ စစ်ကိုင်းမြို့နယ်တာဝန်ခံ ဒေါ်ကေသီအောင်(ဦးစီးမှူး)က ကုန်အညွှန်းအမှတ်အသားဆိုင်ရာသိကောင်းစရာများနှင့် စားသုံးသူအငြင်းပွားမှုဖြေရှင်းရာတွင် ဆောင်ရွက်ပုံအဆင့်ဆင့်အကြောင်းကိုဆွေးနွေးဟောပြောခြင်း၊ သင်တန်းဒုတိယနေ့တွင် စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ  ဒု-ဦးစီးမှူး ဦးဇော်မြင့်ထွန်းက နေပြည်တော်(ရုံးချုပ်)၌တက်ရောက်ခဲ့သည့် စစ်ဆေးရေးအရာရှိများ လုပ်ငန်းစွမ်းဆောင် ရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲ မွမ်းမံ (၁/၂၀၂၄) အတွေ့အကြုံများကိုဆွေးနွေးဟောပြောခြင်း၊  ဒု-ဦးစီးမှူး ဒေါ်ခင်လေးနွယ်က ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် Online Shop အကြောင်းကိုဆွေးနွေးဟောပြောခြင်းနှင့် ဒု-ဦးစီးမှူး ဒေါ်ခင်စောဝင်းက စစ်ကိုင်းခရိုင်ရှိ အသင်းအစုအဖွဲ့အကြောင်း သိကောင်းစရာများကိုဆွေးနွေးဟောပြောခဲ့ပါသည်။

          စားသုံးသူကာကွယ်ရေးဆိုင်ရာ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများဖွင့်လှစ်ပို့ချခြင်းကြောင့် စစ်ကိုင်းခရိုင်ရှိ ဝန်ထမ်းများအနေဖြင့် စားသုံးသူပြည်သူများအား အသိပညာပေးရာတွင် ထိထိရောက်ရောက် အသိပညာပေးဟောပြောဆွေးနွေးနိုင်ခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းကို ခရိုင်ဦးစီးမှူးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)