Main menu

ကန့်ဘလူမြို့၏ ရာသီစာ မှိုဈေးနှုန်းဈေးကွက်

Powered by Drupal

         ကန့်ဘလူခရိုင်သည် စစ်ကိုင်းတိုင်းဒေသကြီးတွင်ပါဝင်သော ခရိုင်တစ်ခုဖြစ်ပြီး ဧရိယာအကျယ်အဝန်းမှာ ဧက(၁၆)သိန်းကျော်ရှိသည်။ ကန့်ဘလူခရိုင်တွင် မြေလွတ်မြေရိုင်းများ၊ သစ်တောများ များစွာတည်ရှိပြီး၊ ရာသီအလိုက်ပေါက်ရောက်သည့် မျှစ်၊ မှိုနှင့်အခြားသော အသီးအရွက်များကို ခူးဆွတ်ရောင်းချခြင်းဖြင့် အရင်းမစိုက်ရဘဲ မိသားစုအပိုဝင်ငွေရရှိကြောင်း ရာသီပေါ် ဟင်းသီးဟင်းရွက်များကို ခူးဆွတ်ရောင်းချသည့် ကုန်စိမ်းသည်ထံမှသိရသည်။

          ယခုအခါတွင် သဘာဝမှိုများဖြစ်သည့် ချပ်မှို၊ ငှက်စွတ်မှို၊ တောင်ဘို့မှို၊ ဒေါင်းဖြူမှို၊ ဒေါင်းဝါမှို နှင့်အခြားမှိုများပေါက်ကြောင်း၊ ဒေါင်းဖြူမှို နှင့်ဒေါင်းဝါမှိုတို့သည် စိမ့်စမ်းကောင်းပြီး သဲဆန်သောမြေအမျိုးအစားတွင် ပေါများစွာပေါက်လေ့ရှိကြောင်း၊ အောက်တိုဘာလ တတိယပတ်တွင် ဖြစ်ပေါ်လျက်ရှိသောမှိုဈေးနှုန်းများမှာ ချပ်မှို(၁)ပုံလျှင် ၅၀၀၀ကျပ်၊ ငှက်စွတ်မှို(၁)ပုံလျှင် ၄၀၀၀ကျပ်နှင့် ဒေါင်းဖြူ၊ ဒေါင်းဝါမှို(၁)ပုံလျှင် (၂၀၀၀)ကျပ်၊ အင်တိုင်းမှို (၁)ပုံလျှင် (၁၀၀၀)ကျပ်ဖြင့်ရောင်းချရကြောင်းသိရသည်။

          ရာသီပေါ် သဘာဝအစားအစာဖြစ်သည့်မှိုကို ကြိုက်နှစ်သက်သူများပြားသဖြင့် အရောင်းသွက်၍ အဆင်ပြေလျက်ရှိကြောင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ တောက္ကရှပ်ကျေးရွာ၊ ကံကြီးကုန်းကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှလည်း မှိုများကောက်ယူရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)