Main menu

ဖျာပုံမြို့ (၁၅) ရပ်ကွက်ရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ (စစ်ဆေးရေးအရာရှိ) ဦးမင်းဇော်နှင့် ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် (၁၂) ရပ်ကွက် ဖျာပုံမြို့ (၁၅)ရပ်ကွက်ရှိ  ရပ်ကွက်နေပြည်သူ (၆၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

        အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးမင်းဇော်က စားသုံးရန်မသင့်သည့် အစားအစာများအကြောင်း၊ ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူစားသုံးရာ၌ ပါဝင်သည့်ကုန်အညွှန်းအမှတ်အသားကို သေချာစိစစ်ဖတ်ရှုဝယ်ယူသုံးစွဲကြရန်နှင့် ကုန်ပစ္စည်း၏ထုတ်လုပ်သည့်ရက်၊ သက်တမ်းကုန်ဆုံးသည့်ရက်၊ မြန်မာဘာသာဖြင့်ဖြစ်စေ၊ တခြားဘာသာတစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများကိုမသုံးစွဲကြရန်၊ ဈေးကွက်အတွင်းရှိ စားသောက်ကုန်များကို ရွေးချယ်ဝယ်ယူစားသောက်ကြရန်နှင့် စားဆီများကိုလည်း လျှော့ချစားသောက်ခြင်းအားဖြင့် ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်ကြောင်းနှင့် မလိုလားအပ်သည့် ရောဂါများဖြစ်ပွားခြင်းမှ တားဆီးကာကွယ်နိုင်ကြောင်းနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာန၏ Call Centre 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့မှုကို သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)