![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/245_1.jpg?itok=IfDxJpVc)
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ (စစ်ဆေးရေးအရာရှိ) ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁၁) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့နယ်၊ ဆန်စက်အသင်းရုံး၌ လုပ်ငန်းရှင်များအား Online Sales ကိစ္စရပ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ပါသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်မည်ဆိုပါက ဦးစီးဌာနကသတ်မှတ်ထားသော လျှောက်လွှာပုံစံတွင်ဖြည့်သွင်း၍ (online) စနစ်ဖြင့် ဦးစီးဌာနသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားသူသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ပြီး အသက်(၁၈) နှစ်ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်မည့်နေရာကို တင်ပြနိုင်ရမည်ဖြစ်ပြီး၊ မှတ်ပုံတင်လက်မှတ်ရရှိထားပါက စားသုံးသူ၏တိုင်ကြားမှုတွင် ဥပဒေအရ ကာကွယ်ခုခံပိုင်ခွင့်ရှိပြီး၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကိုရောင်းချရာတွင် သဘောတူညီချက်၊ တန်ဖိုးတို့နှင့်အညီ ငွေပေးချေမှုကို လက်ခံရယူပိုင်ခွင့်ရှိခြင်း စသည့် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အားသာချက်များကို အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)